Skip to main content
လေကြောင်းပညာ စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ ဖွံ့ဖြိုုးတိုးတက်ရေးအသင်း (MADA) ၏ စီစဉ်ကြီးကြပ်မှုဖြင့် "ယနေ့ မြန်မာ့ လေကြောင်းလောက" ခေါင်းစဉ်တစ်ရပ်ကို မြန်မာနိုင်ငံလေကြောင်းဆိုင်ရာ ကဏ္ဍအသီးသီးမှ CEO။ လေယာဉ်မှူးကြီး။ အင်ဂျင်နီယာ။ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေနှင့် လုံခြုံရေးပညာရှင်။
(MADA) ယာယီ မှတ်ပုံတင်ရရှိခြင်း အထိမ်းအမှတ်

MADA ဂေါက်သီးရိုက်တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၁၈ မတ် ၁၁ ရန်ကုန်

မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MADA) ယာယီ မှတ်ပုံတင်ရရှိခြင်း အထိမ်းအမှတ် ဂေါက်သီးရိုက်တွေ့ဆုံပွဲကို ယနေ့ နံနက် ၀၆၀၀ နာရီ တပ်မတော်ဂေါက်ကွင်းတွင် ကျင်းပရာ လေကြောင်းလိုင်းများ။ လေယာဉ်မှူးများ။ လေကြောင်းအင်ဂျင်နီယာများနှင့် ဂေါက်သီးရိုက်မိတ်ဆွေများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဆက်လက်၍ နေ့လည်စာနှင့် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။

 ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် MADA မှ ဦးစီး၍ Golden Myanmar Airline နှင် S4U ဆေးရုံသုံးပစ္စည်း ကုမ္ပဏီတို့မှ ပံ့ပိုးကူညီပေးခဲ့ကြပါသည်။

"ယနေ့ လေယာဉ်မှူးများအတွက် စိမ်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် စကားဝိုင်း

မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ လေကြောင်းပညာရပ် ပြန့်ပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ယနေ့ လေယာဉ်မှူးများအတွက် စိမ်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ယနေ့နံနက် ၀၈း၀၀ နာရီတွင် ရန်ကုန်မြို့ နန်းထိုက်တော်ဝင် (ပါရမီ) စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ (ဇန် ၆)

စကားဝိုင်းဆွေးနွေးသူများအဖြစ် အသင်း၏ ဥက္ကဌ ဦးတင်မောင်ထွန်း။ ဒုတိယ ဥက္ကဌ များဖြစ်ကြသည့် ဦးဘုနါးမြင့်ရွှေနှင့် ဦးဦးကျော်ဇံ။ အတွင်းရေးမှူး ဦးသန်းမင်းနှင် ကြားခံဆွေးနွေးသူအဖြစ် ဦးခင်မောင်လွင်မှ ဆောင်ရွက်ခဲ့ပါသည်။ လေယာဉ်မှူးကြီး များမှလည်း တက်ရောကဆွေးနွေးခဲ့ကြပါသည်။

 

MADA Activity (2)

မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း Myanmar Aviation Development Association (MADA) စတင်ဖွဲ့စည်းခြင်း အခမ်းအနား အောင်မြင်စွာပြီးစီး။

 

MADA စတင်ဖွဲ့စည်းခြင်း ဖိတ်ကြားလွှာ

မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း စတင်ဖွဲ့စည်းခြင်း ဖိတ်ကြားလွှာ (Myanmar Aviation Development Association) MADA

MADA Activity (1)

 လေကြောင်းပညာကို စိတ်ပါဝင်စားသူအားလုံးအတွက် မြန်မာနိုင်ငံ လေကြောင်းဖွံ့ဖြိုးတိုးတက်ရေး အသင်းဖွဲ့စည်း။

မြန်မာနိုင်ငံ လေကြောင်းဖွံ့ဖြိုးရေးအသင်း (Myanmar Aviation Development Association) ကို ဒီနေ့ ၂၀၁၇ ခုနှစ် မေလ (၂၄) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

 

Subscribe to MADA