Skip to main content
MADA

လေကြောင်းပညာ စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ ဖွံ့ဖြိုုးတိုးတက်ရေးအသင်း (MADA) ၏ စီစဉ်ကြီးကြပ်မှုဖြင့် "ယနေ့ မြန်မာ့ လေကြောင်းလောက" ခေါင်းစဉ်တစ်ရပ်ကို မြန်မာနိုင်ငံလေကြောင်းဆိုင်ရာ ကဏ္ဍအသီးသီးမှ CEO။ လေယာဉ်မှူးကြီး။ အင်ဂျင်နီယာ။ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေနှင့် လုံခြုံရေးပညာရှင်။ အရောင်းနှင့် ဈေးကွက်ပညာရှင်။ လေဆိပ်နှင့် လေကြောင်းညွှန်ကြားမှုဦးစီးဌာနတို့ ပါဝင်သည့် "ပညာရှင်များ ဆွေးနွေးပွဲ" Panel Discussion တစ်ရပ်ကို အောက်ပါအစီးအစဉ်အတိုင်းကျင်းပရန်ရှိပါသဖြင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် နားထောင် ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

နေ့ရက်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက် (စနေနေ့)
အချိန်။ နေ့လည် (၂) နာရီမှ (၄) နာရီထိ
နေရာ။ လေကြောင်းပညာသိပ္ပံ အစည်းအဝေးခန်းမ။ လေဆိပ်လမ်း။ မင်္ဂလာဒုံ မြို့နယ်။

ကော်ဖီ မုန့်များဖြင့် ဧည့်ခံ ကျွေးမွေးပါမည်။